Wednesday, January 4, 2017
WWSPZPကန့်လန့်ကာနောက်ကွယ်မှသူရဲကောင်းများ(၁)
ဆရာပူဇော်ပွဲကြီးပြီးမြောက်သွားပါပြီဘယ်လောက်အောင်မြင်တယ်ဆိုတာလဲလူတိုင်းသိပါတယ်..ဒါပေမဲကန်လန်ံကာနောက်ကွယ်က....လူတွေမသိကြတဲ့သတိမထားမိတဲ့သူရဲကောင်းတွေအများကြီးရှိပါတယ်သူတို့ကိုအခုလိုမှတ်မိနေတုန်းမှာတဦးစီကိုမိးမောင်းလေးတော့ထိုးပြချင်မိတယ်..ကျေးဇူးလဲအ၇မ်းတင်လို့ပါ
ကိုကောင်းမြတ်စိုး..၂၀၀၃Electronics
..ကိုကောင်းကဆရာပူဇော်ပွဲရက်စောစောပိုင်းမှာဘဲကျနော့်ထံဖုန်းဆက်တယ်..အန်ကယ်တို့ဆရာပူဇော်ပွဲမှာအသံပိုင်းဆိုင်ရာကိုကူညီပါမယ်လို့ပြောလာပါတယ်..WHOကလဲအတော်တော့အမြင်ကပ်စ၇ာကောင်းပါတယ်..သူကအဲလိုကမ်းလှမ်းတာကိုပြန်ပြောတာလေးရေးပြပါမယ်..
ဝင်း...အေးကွကျေးဇူးတင်ပါတယ်..ဒါပေမဲ့အန်ကယ်ကအလကားလိုချင်တာနော်
ကောင်း..ဟုတ်ပါတယ်ခင်ဗျ..အလကားဖရီးကိုယ့်စရိတ်နဲ့ကိုယ်..အားလုံးကူမှာပါခင်ဗျ
ဝင်း...အင်း..ကူတာတော့အလကားဆိုတော့ဝမ်းသာပါတယ်..အလကားဆိုပြီးမကြားရရင်တော့အလကားဘဲ..ပိုက်ဆံပေးရမယ်ဆိုလဲပေးမယ်ကွာ
ကောင်း..ဟုတ်ကဲ့ပါခင်ဗျ..ကျနော်လဲ၂၀၁၂ဆရာပူဇော်ပွဲတုန်းကမကြားရလို့အဲလိုမဖြစ်စေချင်လို့ပါ..လုံးဝကြားရပါစေမယ်..အာမခံပါတယ်(ရဲလိုက်တာအာမခံချက်က)
ဝင်း..အိုကေ..ဒါဆိုလက်ခံပြီကွာ(ကြိုက်သွားပြီလေအာမခံချက်ရဲလို့)
အဲလိုလှုတာတောင်ဂျီးများတာကိုသည်းခံပြီးလှုသူမောင်ကောင်းမြတ်စိုးပါ..သူ့စက်သူ့စပီကာ(နိုင်ငံခြားကတောင်မှာရရှာတယ်..Mid Range speakerတွေ)..သူဆင်ပြီးရင်WHOက၀င်နှမ်းဖြူးသေးတယ်..လမ်းလည်မှာတပ်ပါအုံးဆိုလဲတပ်ပေးရှာပါတယ်..
WWSPZPနေ့မှာဆရာဦးစံလှအောင်ရဲ့လေပွေလှိုင်းပမာခေါင်းကိုမိုက်လိုက်ထိုးမရလို့အသံကသိကအောက်လေးဖြစ်ရတာကလွဲရင်.အသံတကယ်ကောင်းပါတယ်..အသံကိစ္စမှာသူကူညီမှုကိုတကယ်ကိုမှတ်တမ်းတင်မိပါတယ်(..ဓါတ်ပုံ..မောင်ကောင်းမြတ်စိုး..ညာဘက်..အကျီင်္အကွက်)
သူကမှရှေ့ထွက်လာသေးတယ်..သူ့နောက်ကကွယ်ပြီးလိုတာလုပ်ပေးနေတဲ့ကိုမိုးမြင့်..ကိုကျော်စိုးအောင်တို့လိုကန်လန့်ကာအထူကြီးနောက်ကအသံသူရဲကောင်းများကိုတကယ်ကိုကျောင်းတော်သူကျောင်းတော်သားများကိုယ်စားလှိုက်လှဲစွာကျေးဇူးတင်ကြောင်းပြောပါရစေ
ကျနော်တို့တိုင်းပြည်မှာကန်လန့်ကာနောက်ကနေမယ်.လုပ်စရာရှိတာလုပ်ပေးမယ်.ထင်ပေါ်မှုရယူလိုခြင်းရှိတဲ့သူရဲကောင်းတွေအများကြီးရှိပါလားဆိုတာကိုတွေ့မြင်နေရခြင်းဟာအနာဂတ်မြန်မာနိုင်ငံတော်အတွက်လဲတကယ်ကိုအားတက်မိပါတယ်..ကျနော်ကကိုကောင်းမြတ်စိုးကိုချစ်စနိုး..မောင်ကောင်းလို့ခေါ်ပါတယ်..နာမည်နဲ့လိုက်အောင်ကောင်းသောမောင်...YOU ARE MY HERO.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment