Wednesday, January 4, 2017

WWSPZPကန်လန့်ကာ..နောက်ကွယ်မှသူရဲကောင်းများ(၂) ကျနော်တို့နိုင်ငံ..ဒီကနေ့ဒီလိုအာဏာရှင်တွေအောက်ကလွတ်မြောက်လာတာဟာ..ကိုယ်ကျိုးဘာမှမစဉ်းစားတဲ့ကန်လန့်ကာနောက်ကသူရဲကောင်းတွေကြောင့်ပါတယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါပေ.အဲဒီသူရဲကောင်းတွေမျိုးကကျနော်တို့ကျောင်းတော်ကြီးကအများအပြာမွေးထုတ်တယ်ဆိုတာသမိုင်းကိုသတိထားကြည့်ရင်အထင်အရှားသိနိုင်ပါတယ် ဆရာပူဇော်ပွဲရက်နီးလာတဲ့တရက်မှာ..မောင်ကောင်းကဘဲ. .သူ့သူငယ်ချင်းမောင်ပြည့်ဖြိုးကိုဆိုတာရှိပါတယ် ..လိုတာကူမယ်..အန်ကယ်ဘာလိုပါသလဲလို့ပြောလာပါတယ်...အောင်မလေး..မောင်ကောင်း၇ယ်..အန်ကယ်တို့မှာဒီအချိန်..အရပ်ကယ်ပါလူဝိုင်းပါလုပ်နေရတဲ့အချိန်...မင်းသူငယ်ချင်းကူမယ်ဆိုတာဘာကူမှာလဲ..သူကဘာကူနိုင်လဲဆိုတော့...မောင်ကောင်းက..အန်ကယ်သူကအစုံလုပ်တာတဲ့....အဲလိုအစုံမျိုးကိုအောင်မလေးမျှော်နေတာပါမောင်မင်းကြီးသားရယ်..စည်းဝေးပွဲသာအပါခေါ်ခဲ့ပါ...ဆိုတော့တခုသောစည်းဝေးပွဲမှာပါလာပါတယ် တိုက်တိုက်ဆိုင်ဆိုင်အဲဒီစည်းဝေးပွဲမှာ..Eventကော်မတီဥကဌ..ဆရာညဏ်တအားအပူလုံးကြွရတာတွေ..အကြိတ်အနယ်တင်ပြနေချိန်..ကိုဖြိုးထိုင်နေတဲ့နေရာကပ်သွားပြီး..မင်းကဘာကူနိုင်လဲမေးတော့တကယ်ကကျနော်ငွေလှုမယ်ဘဲစိတ်ကူးလာတာပါတဲ့..အခုနားထောင်တော့လုပ်ပေးရမှာတွေအများကြီးဆိုတာတွေ့ပါပြီ..လိုတဲ့ဘက်ဟိုးတွေဘာတွေကူမယ်..လိုတာကူမယ်အန်ကယ်တဲ့..ဆရာညဏ်နဲ့အဲဒီစည်းဝေးပွဲမှာအပ်ပေးလိုက်တယ်..သူတို့တတွေလုပ်နေတာတွေတိုးတက်နေတာတွေတော့တွေ့နေရတယ်..ကွင်းတွေတကွင်းပြီးတကွင်းပြောင်လာတာတွေ..နဂိုကကား၁၈၀ဘဲရပ်စရာရမယ်ဆိုတဲ့အခြေအနေက..၃၀၀..၄၀၀.၅၀၀..နောက်ဆုံး၁၀၀၀အထိတိုးလာတာတွေ(ဒါတွေကတော့အခြားကူသူတွေလဲနောက်ရောက်ာပေမဲ့သူကလိုသမျှဘယ်နေ့လိုလိုအိုကေ)..သူဘာတွေဘယ်လောက်ထိပါနေတယ်ဆိုတာ၂၈.၁၂.၁၆နေ့ကျမှသိတော့တယ်..ကားပတ်ကင်နေရာတွေစစ်မယ်ကွာဆိုပြီးဆရာညဏ်နဲ့နောက်ဆုံးလိုက်စစ်တော့ကျောင်းကြီးနေရာအနှံ့မီးလင်းရေးဆိုတာ..ဒီဆရာလေးအရေးအများစုဖြစ်နေပါပေါ့လား..ကားကွင်းတွေထဲဝင်ထွက်တာတွေကအစမြာင်းထဲကားမကျအောင်သဲအိပ်ဖို့တာလဲညတွင်းချင်းသူဘဲ...ကားလမ်းပြဖို့ထုံးဖြူးတာလဲသူဘဲ..ဘူဖေးစားကွင်းမှောင်သကွာပြောမိတော့လဲ..ဟုတ်ကဲ့အန်ကယ်ဘဲ ဒီလောက်လုပ်နေတာကိုအားမရသေးဘဲအလိုက်မသိကျောင်းတော်ကြီးကိုမီးထွန်းထားတာကိုကျနော်က..အားမရတော့. .ကိုမင်းမင်းရာ..ဒို့ကျောင်းတော်ကြီးကိုစလိုက်ပင့်ထိုးထားတာမီးမကောင်းတော့..အိမ်ဖြူတော်နဲ့မတူဘဲအိမ်မှောင်တော်...ကြီးဖြစ်နေတယ်ကွာဆိုတော့. .သူကတဟဲဟဲရီပါတယ် ..အန်ကယ်အဲဒါတလုံးကို၎သိန်းကျော်တယ်ခင်မျ..တဲ့..အောင်မလေး..ဆိုပြီးWHOဇက်ပုထားမိတယ်..ဒါပေမဲ့သူကဖုန်းတွေဒလစပ်ဆက်..ပြောကြဆိုကြနဲ့သူတအားကြိုးစားလိုက်တာ၂၈.၁၂.၁၆ညနေ၆း၃၀မှာကျောင်းတော်ကြီးဗျာ..တကဲ့ကိုစွယ်တော်နန်း...ဆင်စွယ်နန်း..ဖြူးဖွေးပြီးဥနေတာဘဲ..လှလိုက်တာ ..သူဘယ်လိုဖန်ဆင်းလိုက်လဲမသိ..ကျောင်းကြီးတပတ်လိုက်စစ်တော့မှောင်တဲ့နေရာတွေတွေ့ရင်သူ့တပည့် တွေကိုပြောချက်ခြင်းလုပ်ခိုင်း..တခါဆျိုတပည့်တယောက်ကကြိုးမရှိတော့ဘူးဆရာတဲ့..မရှိရင်ဝယ်ပေါ့ကွတဲ့(သူ့ပိုက်ဆံနဲ့နော်)သူလူ..သူပစ္စည်း..သူ့ကားသူ့ငွေ..လက်ဖျားခါမိပါတယ်..သူဌေးတိုင်းမလှုလှုတိုင်းလဲမဌေး..သူကလှုလဲလှုဌေးလဲဌေး..ကောင်းလိုက်တာ.. သူ့ကိုလဲချစ်စနိုးနဲ့မင်းမင်းလို့ဘဲကျနော်ကခေါ်ပါတယ်..အမြဲပြုံးနေတဲ့ကလေးလေးလိုချစ်စရာမျက်နှာထားနဲ့ကလေး(ပုံမှာညာဖက်စွန်က..ဘယ်စွန်ကမောင်ကောင်း) ..တကယ်တော့လုပ်ငန်းအကြီးကြီးလုပ်နေသူမှန်းသိသာပေမဲ့ကျောင်းတော်ကြီးနဲ့ပတ်သက်လာတော့တကဲ့ပီဘိကျောင်းသားငယ် ကဲမင်းမင်းရေ...YOU ARE MY HERO TOO.

No comments:

Post a Comment